x
DRoyal Dental Clinic

Brace

သွားညှိကုသရာမှာအသုံးပြု နေတဲ့ Brace အမျိုးမျိး အကြောင်းရှင်းပြပေးချင်ပါသည်။

(1)Traditional Brace (Metal Brace)

Traditional brace ကို metal brace လို့လည်းလူသိများပါတယ်။ သွားညှိကုသရာ မှာ အရိုးရှင်းဆုံးနှင့် အသုံးအများဆုံး
ဖြစ်ပါသည် ။အချိန်တန်ရင် သွားလည်းညီညီလေးဖြစ်ချင်တယ် ၊ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ချင်တာကိုရွေးချယ်ချင်ရင်တော့ metal brace က ပထမဦးစားပေးပါပဲ။
????????????

သွားညှိကုသတဲ့ သတ္တုတုံး (Metal bracket) and metal wire (သတ္တု ကြိုး) တွေကို အသုံးပြုထားတာကြောင့် စကားပြောတဲ့အခါဖြစ်ဖြစ်၊ရယ်မောတဲ့အခါဖြစ်ဖြစ် ပါးစပ်ထဲ မှာနည်းနည်းသိသာနေပါလိမ့်မယ်။ ဒါကိုမကြိုက်ရင်တော့ အကြည်တုံးလေး(Ceramic bracket)ပါတဲ့ braceကို ရွေးချယ်အသုံးပြု နိုင်ပါသည်။

(2)Sapphire Ceramic Brace

Metal Brace နဲ့နည်းပညာချင်းတူတူပါပဲ ။ဆိုလိုတာက metal bracket လို့ ခေါ်တဲ့ သတ္တု တုံးလေးနေရာမှာ အကြည်တုံး(ceramic bracket)နဲ့အစားထိုးလိုက်တဲ့သဘောပါပဲ။ Brace တပ်နေစဉ် အတွင်း သိသာထင်ရှားမှုနည်းပြီး ပိုကြည့်ကောင်းသွားမှာဖြစ်ပီး metal brace ထက်တော့ကုန်ကျစရိတ် အနည်းငယ်ပိုများပါလိမ့်မယ်။????????????

(3)Damon Metal and Ceramic Brace

Damon brace က self-ligating brace အမျိုးအစားဖြစ်ပီး Bracket ကိုယ်၌တွင် wire ကို အဖွင့်အပိတ်လုပ်လု့ိရတဲ့ system ပါဝင်သောကြောင့် traditional brace မှာလို wire ကျွတ်မထွက်အောင် bracket ပေါ်တွင် ချည်နှောင်ထားသော elastic O ring or ligatures မလိုအပ် သဖြင့် သန့်ရှင်းရေးလုပ်ရတာ ပိုမိုလွယ်ကူစေပါသည့်
အပြင် နူတ်ခမ်း နှင့်ပါးများကို စူးရှခြင်းလည်းမရှိပါ ။????????????

Light high technology shape-memory wire ကိုအသုံးပြု ထားခြင်းကြောင့် သာမာန် brace တွေထက် သွားရွေ့လျားတာပိုမြန်စေပါသည့်အပြင် နာကျင်မှုကို 60% ထိလျော့ချပေးပါသည်။⚡⚡⚡

-သွားများ အပေါ် ဖိအားပိုမို နည်းပါး သဖြင့် ပိုမို၍ သက်တောင့်သက်သာပို ရှိပါသည်။????????????

အချို့space အနည်း ငယ်သာ လို အပ်နေတဲ့ case များတွင် သွားနူတ်စရာ မလိုပဲ ကုသလို့ို့ ရနိုင်ပါတယ်။

Metal အရောင်မကြိုက်သူများအတွက်Damon Clear bracket တွင် ပိုမို ကျစ်လစ်သော ဒီဇိုင်း နှင့် ကြည်လင်မှု
ကြောင့် Brace တပ် စဉ် သိသာ ထင်ရှားမှုကိုနည်းပါးစေပါသည်။⭐⭐⭐

Damon brace က USA ထုတ်သော Ormco Brand ဖြစ်သောကြောင့် အရည်အသွေး၊ရလဒ်ပိုင်းကော အထူးကောင်းမွန်သလို ဈေးနူန်းပိုင်းမှာလည်း တခြားသော traditional metal or ceramic brace ထက်ကုန်ကျစရိတ်ပိုများပေလိမ့်မည်ဖြစ်ပါသည်။

အများစု စိတ်ဝင်စားသောမေးခွန်းများ။☺️☺️☺️

(1)သွားညှိကုသရင်နာမှာလား။

အစပိုင်း သွားညှိစကုသပီး သွားအနေ အထားပေါ်မူတည်ပီး ပထမဆုံး ၂ -၃ရက်ခန့် အနည်းငယ် နာနိုင်ပါတယ်။နောက်ပိုင်းနေသားကြသွားရင်တော့ ပုံမှန် အခြေအနေအတိုင်း ပြန်ဖြစ်သွားပါမည်။

(2)မိမိသွားပြင်တာ အချိန်ဘယ်လောက်ကြာနိုင်မလဲ။

မိမိသွားအနေ အထားပေါ်မူတည် ပီး ၆လခန့် မှ ၃ နှစ်ခန်.ကြာနိုင်ပါတယ်။အချိန်အတိအကျ သိချင်ရင် သွားညှိကုဆရာဝန်နဲ့လာဆွေးနွေးတာ အကောင်းဆုံးပါပဲ။
၁ လ (သို့) ၂ လ တစ်ကြိမ်ခန်. ဆရာဝန်ထံလာရောက်ပီး adjustment လုပ်ရမှာပါ။

(3)ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ၊အရစ်ကျဘယ်လိုပေးသွင်းရတာလဲ။စာချုပ်စာတမ်းလိုလား။

သွားညှိကုသတဲ့ဈေးနူန်းကို သွားပြင်ချင်တဲ့ကိုကိုမမတွေအတွက် အသက်သာဆုံးနှင့် အရစ်ကျ ပေးနိုင်အောင်စီစဉ်ပေးထားပါသည်။

ကိုယ်တပ်ချင်တဲ့ Brace အမျိုး အစားရဲ့ 20% ပေးသွင်းပီ း ပုံမှန်ကုသနေစဉ်အတွင်း တစ်လချင်းစီပေးသွင်းလို့ရပါတယ် ။မည်သည့်စာရွက်စာတမ်းမျှ မလိုပါ။

(4)အပေါ် သို့မဟုတ်အောက်တခြမ်းပဲပြင်ချင်ပါသည်။ ရနိုင်ပါသလား။
သွားညှိအထူးကုဆရာဝန်နှင့်လာရောက်ဆွေးနွေးတာ
ပိုကောင်းပါသည်ခင်ဗျာ။
-----------------------------------------------------------
ကျွန်တော်တို့ဆေးခန်းတွင် တခါသုံးပစ္စည်းများနှင့် သွားကိရိယာများကို ပိုးမွှားကင်းစင်ကြောင်းအသိအမှတ်ပြုသည့်အိတ်(Sterilisation Pouch)ထဲသို့ထည့်ပီး စနစ်တကျ ပိုးသတ် သန့်စင်ထားသောကြောင့် စိတ်ချယုံကြည်စွာလာရောက်ကုသနိုင်ပါသည်ခင်ဗျာ။????????????

➡️သွားနှင့်ပတ်သတ်ပီး အသေးစိတ်ဆွေးနွေးလိုသည်ဖြစ်စေ၊
➡️ကြိုတင် Appointment ယူလိုသည်ဖြစ်စေ
Chat Box သို့မဟုတ် ????09979005387
09 777 870 880 ကို
ဆက်သွယ်ပီးအချိန်မရွေး မေးမြန်းနိုင်ပါသည်ခင်ဗျာ။

Address : အမှတ်(၅၀)၊ မြေညီထပ် ၊ အလယ်ဘလောက် ဌာနာလမ်း၊နတ်စင်လမ်းမှတ်တိုင်အနီး၊ ကြည့်မြင်တိုင်မြို့နယ်၊
(one way ဖြစ်သောကြောင့် အထက်ဌာနာလမ်း or နတ်စင်လမ်းမှ ပတ်ဝင်ပေးပါရန်)????????????


ဆေးခန်းဖွင့်ချိန်- ???? မနက်၁၀နာရီ- ည၈နာရီ????
(ပိတ်ရက်မရှိပါ)????
(ပိတ်သည့်ရက်ကို Page တွင်ကြေညာပေးပါမည်)

D Royal Dental Clinic