x
DRoyal Dental Clinic

မိမိရှေ့သွားကျဲနေတာကို ပြု ပြင် ကုသနည်း ၄မျိုး ❤️❤️❤️❤️

မိမိရှေ့သွားကျဲနေတာကို ပြု ပြင်ဖို့ ဘယ်လိုနည်းလမ်း တွေကမိမိအတွက်အသင့်တော်ဆုံး ဖြစ်မလဲ။
ကုသနည်း ၄မျိုးရှိပါတယ် ။

(1a) လေဆာနဲ့ ကျဲနေတဲ့နေရာကို သွားဖာခြင်း
(1b) လေဆာနဲ့သွားမျက်နှာပြင်ကို ဆေးကပ်ခြင်း
(2) သွားမျက်နှာပြင်ပေါ် ကြွေလွှာကပ်ခြင်း
(3) ကြွေသွားစွပ်ခြင်း
(4) သွားညှိကုသခြင်း

(1a) လေဆာနဲ့ ကျဲတဲ့နေရာကိုသွားဖာခြင်း (Direct Composite Filling)

❤️ ရှေ့သွားကျဲနေတဲ့ နေရာလေးကို လေဆာ ရောင်ခြည် နှင့် ဆေး (light-cured composite)ကို အသုံးပြု ပီး မိမိသွားအရောင် နဲ့ တူအောင် ပြု ပြင်တဲ့နည်းလမ်းဖြစ်ပါသည်။
❤️ ကုန်ကျစရိတ်သက်သာပီး အမြန်ဆုံး လှသွားပါ သည်။ကုသချိန် ၄၅ မိနစ် ကနေ ၁နာရီ ဝန်းကျင်ကြာပါ သည်။

(1b) လေဆာနဲ့သွားမျက်နှာပြင်ကို ဆေးကပ်ခြင်း (Direct Composite Veneer)

???? ရှေ့သွားမျက်နှာပြင်တစ်ခုလုံး ကို လေဆာ ရောင်ခြည် နှင့် ဆေး (Light-Cure Composite) ကို အသုံး ပြု ပီး မိမိ စိတ် ကြိုက် Design ရအောင်ပုံဖော်တဲ့ နည်း ပညာ ပါ ။
???? Porcelain Veneer ထက် ကုန်ကျစရိတ် ၄ဆ ၅ဆ လောက်သက်သာပါတယ်။ သွားအချောင်းရေ မူတည်ပီး ကုသချိန် ၄၅ မိနစ်မှ ၄နာရီထိ ကြာမြင့်ပါတယ်။

- Direct Composite Filling and veneer ကပြု ပြင်ထားတဲ့နေရာကို သေချာ ဂရုစိုက် ရင် ၃ နှစ်ကနေ၅ နှစ်ဝန်းကျင် အထိခံပါတယ်။
-သွားများ ကို တိုက်စားခြင်းလည်း မရှိလို့ ကျဉ်ခြင်း နာခြင်း လုံးဝ မရှိပါ။
-သွားဖုံး မရောင် ရင် ဆေးခန်း မှာ တစ်ကြိမ်တည်းသာလာရမှာပါ။

???? အားနည်းချက် က အရောင်ပါသောအစားအစာ ရှောင်ရှားခြင်း၊နှစ်ကာလကြာလျှင် အရောင် ပြောင်းလဲခြင်း နှင့် အမာကိုက်လျှင် ပဲ့တက်ပါတယ်။

(2)သွားမျက်နှာပြင်ပေါ် ကြွေလွှာကပ်ခြင်း
(Porcelain Veneer)

???? ကျဲနေတဲ့သွားမျက်နှာပြင် ပေါ်ကိုေြကြွလွှာလှလှလေးကပ်လိုက်တာပါ ။ဒီလို သွားကြွေလွှာကပ်ခြင်းကို နိုင်ငံအသီးသီးက Celebrity တွေ ပြု ပြင်ကြလို့ celebrity or hollywood smile လို့ခေါ်တွင်ကြပါတယ်။

???? ကျဲနေတဲ့မိမိသွားကို ဒီအတိုင်းကပ်၍မရပဲ ကြွေလွှာလေးတွေ ဝင်ဖို့ အတွက် မိမိoriginal သွားကိုစက်ဖြင့် အနည်းငယ်ဖယ်ရှားပီးမှ သွားပုံစံယူ ပီး ဆေးခန်းမှာအပ်ထားရပါတယ်။အချိန် ၃ရက်ကနေ ၅ရက်ယူပီး ခန့်မျှ ကြာနိင်ပါသည်။

???? အကောင်းစားကြွေ အမျိုးအစားဖြစ်သောကြောင့် နှစ်ဘယ်လောက်ကြာကြာအရောင် ပြောင်းခြင်း လုံးဝမရှိပါ။
သေချာဂရုစိုက်ရင် ၂ နှစ်ကနေ ၁၀ ကျော်ထိခံပါတယ်။

အာနည်းချက်များ ????

-နဂိုသွားမျက်နှာပြင်ကိုစက်ဖြင့်အနည်းငယ်စားရခြင်း။
-ကုန်ကျစရိတ် မြင့်မားခြင်း။
-အရမ်းကျဲသောသွားများနှင့်မသင့်တော်ခြင်း။
-မာသောအစားအစာများရှောင်ရခြင်း

(3) Crown (Layered-zirconia(PFZ) or Vita Porcelain Crown)

???? ကျဲနေတဲ့ ရှေ့သွားတစ်ချောင်း လုံးကို စားပီး သွားတု စွပ်ကာ ပြု ပြင်တဲ့နည်း ပါ ။
???? ဆေးခန်း ကို အနည်း ဆုံး ၂ ကြိမ်လာပေး ရပါမယ်။
အကောင်းစားကြွေ အမျိုးအစားဖြစ်သောကြောင့် နှစ်ဘယ်လောက်ကြာကြာအရောင် ပြောင်းခြင်း လုံးဝမရှိပါ။
???? အနည်း ဆုံး ၅ နှစ်ကနေ ၁၅ နှစ် ထိ ခံပါသည်။
???? ကုသချိန် ၄ရက်၊ ၅ရက် ခန့်ကြာမြင့်ပါသည်။

???? အားနည်းချက် ကသွားတစ်ချောင်းလုံးသေးအောင်စားပစ်ရခြင်း နှင့် Brace တပ် ဖို့ အချိန်ပေးပီး မပြင်နိုင်သောသူများအတွက်သာသင့်တော်ပါသည်။

(4) သွားညှိကုသခြင်း (Orthodontic Treatment)

???? သွား ကျဲတာ ကို ပြန်စိဖို့ သွားညှိ ကုသခြင်း က အထိရောက်ဆုံး နှင့် အကောင်းဆုံး ကုသနည်းပါ။
???? အချိန် ကြာမြင့်ခြင်း နှင့်ငွေကြေး ကုန်ကျ စရိတ် များပေမယ့် ကုသမှု ပီးသွားရင် တသက်လုံးထပ်ပြင်စရာ မလိုတော့ပါ ဘူး။
အားသာချက်က ပါးစပ်တစ်ခုလုံးမှာရှိတဲ့သွားတွေအကုန်လုံးကို ထိခိုက်မှုမရှိပဲညီညီညာညာနဲ့လှပသွားစေပါသည်။
???? သွားညှိကုသမှု နည်း လမ်းကတော့ Traditional brace(metal and ceramic)၊ Damon Brace(metal and ceramic) ၊Invisible Brace (Clear Aligner and Invalsilign) တို့ကို ဆရာဝန် နှင့်ဆွေးနွေး ပီး ပြု ပြင်နိုင်ပါသည်။
???? Brace အပေါ်မူတည်ပီး ကုသချိန် ၆လ မှ တစ်နှစ်ကျော်ခန့် ကြာမြင့်နိုင်ပါသည်။

အားနည်းချက်များ ????

- လချီ ၊နှစ်ချီပီး ကုသရခြင်း။
-ကုန်ကျစရိတ်များပြားခြင်း။
-ကုသနေစဉ်နာကျင်မှုအနည်းငယ် ရှိနိုင်ပီး အရင်ကထက်သန့်ရှင်းမှုပိုဂရုစိုက်ရပါသည်။

သွားနဲ့ပတ်သတ်ပီး အသေးစိပ်တိုင်ပင်လိုပါက Chat box ကဖြစ်စေ ၊ 09979005387 ကို ဖုန်းဆက်ပီး ဖြစ်စေ အချိန် မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

Address : အမှတ်(၅၀)၊ မြေညီထပ် ၊ အလယ်ဘလောက် ဌာနာလမ်း၊နတ်စင်လမ်းဘေးကပ်လျက်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း နှင့်ပို နီး ၊ လမ်း ထိပ်တွင် မြန်မာ့ ရှေ့ဆောင် ဘဏ်ရှိ ။

ဆေးခန်းဖွင့်ချိန် -မနက်၁၀နာမှ ည၈နာရီထိ (ပိတ်ရက်မရှိပါ)

Contact no.09979005387 Viber 09979005387

D Royal Dental Clinic